ပူးတွဲ ကြေညာချက်

ပူးတွဲ ကြေညာချက်

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒိန်းမတ်၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့သည်  ၂၀၁၆ခုနှစ်  စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင်  မြန်မာနိုင်ငံ၌ အခြေခံအလုပ်သမားအခွင့်အရေးများနှင့်လက်တွေ့ကျင့်သုံးမှုများကို အားပေးရန်ပဏာမဆောင်ရွက်မှုခြေလှမ်း အတွက် ပါဝင်သက်ဆိုင်သူများဖိုရမ်ကို ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ပါသည်။ (ပဏာမခြေလှမ်းအဖွဲ့)

 

ဤ ပါဝင်သက်ဆိုင်သူများ၏ဖိုရမ်တွင်  မြန်မာနိုင်ငံ၏သုံးပွင့်ဆိုင်မိတ်ဖက်များ၊ အခြားပါဝင်သူအစိုးရများ၊ ILO၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းအဖွဲ့များနှင့် ရင်းနှီးမြှုပ်နှံသူများအပြင်  အခြားလူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ  အကြား  ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမားရေးရာဥပဒေများနှင့်အလေ့အကျင့်များကို ခေတ်နှင့်အညီပြုပြင်ခြင်းအတွက် ဦးစားပေးရမည့်အရာများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊   အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာစံချိန်စံညွှန်းများကို လေးစားလိုက်နာခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ထို့ပြင်  ဤလုပ်ငန်းစဉ်၌ ပြည်တွင်း  ပြည်ပမှ သက်ဆိုင်သူများအားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုကို မည်သို့မြှင့်တင်မည်ဟူသည်နှင့်ပတ်သက်၍လည်းကောင်း  ၎င်းတို့၏အမြင်များကို ဝေငှကြပါသည်။

 

တက်ရောက်သူများတို့က  ၂၀၁၅ခုနှစ် မေလက နောက်ဆုံးကျင်းပခဲ့သော သက်ဆိုင်သူများဖိုရမ်အပြီး စတင်လုပ်ဆောင်သည့် အလုပ်သမားရေးရာဥပဒေများနှင့်အလေ့အကျင့်များကို လိုက်လျောညီထွေမှု ရှိအောင်ပြင်ဆင် ညှိနှိုင်းခြင်းနှင့်ပတ်သက်သည့် တိုးတက်ဖြစ်ထွန်းမှုများကို  ကြိုဆိုကြပါသည်။ သိသာထင် ရှားဆုံးဖြစ်သည့် တိုးတက်မှုများတွင် အထူးသဖြင့်ပါဝင်သည်များမှာ –

  • အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်းအပေါ် သုံးပွင့်ဆိုင်မိတ်ဖက်များတို့၏ထပ်မံကြိုးပမ်းသည့် သန္နိဋ္ဌာန်။ ကဏ္ဍအလိုက်လုပ်ဆောင်မည့်အပေါ် ယေဘုယျအားဖြင့်သဘောတူကြသည်။ ဆိုလိုသည်မှာ ကဏ္ဍအမှတ် (၁) တွင်၊ ဦးစားပေးရွေးခြယ်ထားသည့်ဥပဒေများကို ပြင်ဆင်ခြင်း၊ ကဏ္ဍအမှတ်(၂)တွင်၊ အလုပ်သမားရေးရာစံချိန်စံညွှန်းဥပဒေ ကိုဖော်ထုတ်ရေးဆွဲခြင်း၊ ကဏ္ဍအမှတ်(၃)တွင်၊ တစ်စုတစ်စည်းတည်းပေါင်းစည်းထားပြီး တစ်ခုနှင့်တစ်ခုဆက်စပ်နေသည့် အလုပ်သမားဥပဒေအစု ကိုဖော်ထုတ်ရေးဆွဲခြင်း   တို့ဖြစ်သည်။
  • သုံးပွင့်ဆိုင်မိတ်ဖက်များတို့က ပြဋ္ဌာန်းမည့်ဥပဒေသစ်သည်  အခြေခံ အပြည်ပြည်ဆိုင်ရာလုပ်သမားရေးရာ စံချိန်စံညွှန်းများကို လိုက်နာရမည်ဖြစ်ကြောင်း သဘောတူ ကြသည်။ ထို့ပြင်  ပြည်တွင်း၌ရှိသည့်စိန်ခေါ်မှုများနှင့် စွမ်းဆောင်နိုင်သည့်အားများကို  သိမှတ်လျက် ဤလုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင် အခြားအပြည်ပြည်ဆိုင်ရာစံနှုန်းများအောက်မှ လုပ်ဆောင်သွားပါမည်။
  • အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက်  တိုင်ပင်ဆွေးနွေးရန် ခိုင်ခန့်သည့် ယန္တရားအဖြစ် အမျိုးသားအဆင့် သုံးပွင့်ဆိုင်အပြန် အလှန်ဆွေးနွေးပြောဆိုခြင်းဖိုရမ် (NTDF) ကို၊  အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှသဘာပတိအဖြစ် ဆောင်ရွက် ပြီး  အလုပ်ရှင်  အလုပ်သမားများတို့က ကိုယ်စားလှယ်များအဖြစ်ပါဝင်သောအဖွဲ့ကြီးအဖြစ် အတည်တကျဖြစ်စေရန်  သုံးပွင့်ဆိုင်မိတ်ဖက်များက သဘောတူကြသည်။
  • သုံးပွင့်ဆိုင်မိတ်ဖက်များပါဝင်သည့်တိုင်ပင်ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ်ပြီးသည့်နောက် ပထမဦးဆုံးသော အနည်းဆုံးအခကြေးငွေကို ၂၀၁၅ခုနှစ် သြဂုတ်လ ၂၈ရက်နေ့တွင်  ကြေညာခဲ့သည်။
  • အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်းအတွက် ပထမဦးဆုံးသော သုံးပွင့်ဆိုင်မိတ်ဖက်များပါဝင် သည့်အကြံပေးလုပ်ငန်းကဏ္ဍကို  ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်  လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင်မိတ်ဖက်များတို့က  မြန်မာနိုင်ငံ၌ အနာဂတ် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးအတွက် မျှော်မှန်းချက်အာရုံကို  ဖော်ထုတ်ခဲ့ကြသည်။
  • အလုပ်လုပ်နိုင်သည့်အငယ်ဆုံးအသက်ကို ၁၃နှစ်မှ၁၄နှစ်သို့ တိုးမြှင့်ခြင်း၊ ၁၈နှစ်အောက် ကလေး များအတွက်အန္တရာယ်ရှိသည့်အလုပ်များစာရင်းကိုဖော်ထုတ်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဥပဒေကြမ်းရေးဆွဲခြင်းတို့အပါအဝင် ပြဋ္ဌာန်းထားသည့်အဓိက ဥပဒေများကို ပြင်ဆင်ခဲ့ပါသည်။

 

အလုပ်သမားများ၊ အလုပ်ရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့်အခြားပါဝင်သက်ဆိုင်သူများ၏ပါဝင်လုပ်ဆောင်မှု အပေါ်တွင်ထပ်ဆင့်လျက်  ပဏာမခြေလှမ်းအဖွဲ့၏မိတ်ဖက်များက  ဤအဖွဲ့ကိုပံ့ပိုးပေးမည်ဟူသည့် ၎င်းတို့၏ ကတိကဝတ်ကိုထပ်မံအတည်ပြုကြသည်။ ယင်းတို့တွင်  ၂၀၁၅ခုနှစ်ဖိုရမ်တွင်သဘောတူခဲ့ကြသည့် အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်းအစီအစဉ် ပါဝင်ပါသည်။ ခေတ်နှင့်လျော်ညီ၍ ညီညွတ်ဆက်စပ်မှုရှိ သည့်အလုပ်သမားဥပဒေဖော်ထုတ်ရေးနှင့်စပ်လျဉ်း၍ နောက်ထပ်ဆောင်ရွက်ရမည့်လုပ်ငန်း၌ ဦးစားပေးရမည့်အချက်များကိုဖော်ထုတ်ခြင်း၊ အလုပ်သမားဈေးကွက်တွင်အဓိကလှုပ်ရှားနေသူများအတွက် အဖွဲ့အစည်းဆိုင်ရာစွမ်းရည်များတည်ဆောက်ပေးခြင်း၊ လူမှုရေးမိတ်ဖက်များ၏အဖွဲ့အစည်းများ၊ အနိမ့်ဆုံးအခကြေးငွေသတ်မှတ်သည့်အဖွဲ့၏စွမ်းဆောင်ရည်များကိုတည်ဆောက်ပေးခြင်း၊ အလုပ်သမား ရေးရာစစ်ဆေးရေးအဖွဲ့နှင့်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များတို့၏စွမ်းဆောင်ရည်မျုားကို  တည်ဆောက်ပေး ခြင်း တို့လည်းပါဝင်ပါသည်။

ပြုပြင်ပြောင်းလဲရမည့်အဓိက ကဏ္ဍများတွင်ပါဝင်သည်များမှာ – အလုပ်သမားအခွင့်အရေး အလုပ်ရှင်အဖွဲ့အစည်း များတို့နှင့်ဆက်နွယ်သည့်ကာကွယ်မှုများကိုတိုးမြှင့်ခြင်း၊ အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ခန့်ခွဲနှင့်စပ်လျဉ်း၍အားကောင်းအောင်ပြုလုပ်ပေးခြင်း၊  အလုပ်အကိုင်ခန့် အပ်မှုဆိုင်ရာစာချုပ်များကို ပြန်လည်ဆန်းစစ်ခြင်း၊ အဆိုးဝါးဆုံးသောကလေးအလုပ်သမားခိုင်းစေမှုပုံစံများ ကို အတည်ပြုဖော်ထုတ်ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးအတွက် သေချာမှုရှိစေခြင်း  တို့ဖြစ်ပါသည်။

 

ပါဝင်သူများက ယင်းတို့လုပ်ငန်းဆောင်ရွက်မှုများအကြား  ညှိနှိုင်းဆောင်ရွက်မှု၏အရေးပါပုံကို အသိအမှတ် ပြုပါသည်။ ထို့ပြင် ပါဝင်သက်ဆိုင်သူများအကြား အပြန်အလှန်ဆွေးနွေးပြောဆိုမှု မြှင့်တင်ရမည်ကိုလည်း သဘောတူကြသည်။ မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို  ပံ့ပိုးအားပေးရန်အတွက် ပါဝင်သက်ဆိုင်သူများဖိုရမ်ကို ၂၀၁၇ ခုနှစ်၌  တတိယအကြိမ်မြောက် ကျင်းပရန် သဘောတူကြပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ ကလည်း  ဖွံ့ဖြိုးရေးလုပ်ငန်းမျုား၌ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအကူအညီများပေးခြင်းတို့ဖြင့်  အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို  ပံ့ပိုးရန်  ကတိကဝတ်ပြုကြပါသည်။

 

ပဏာမခြေလှမ်းအဖွဲ့သည် အစိုးရအာဏာပိုင်များနှင့်ပါဝင်သက်ဆိုင်သူများတို့ကို အခြေခံအလုပ်သမား အခွင့်အရေးများ၊ ကောင်းမွန်သည့်အလုပ်ရှင် အလုပ်သမားဆက်ဆံရေးနှင်၊့ မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိသောစီးပွားရေးအလေ့အကျင့်များ တို့ကိုမြှင့်တင်လုပ်ဆောင်ရန်အတွက်  အလယ်အလတ် နှင့်ကာလရှည်အတွက် အကူအညီပေးရန် ရည်ရွယ်ထားသည်။ ပါဝင်သည့်အစိုးရများနှင့် ILO သည် မြန်မာနိုင်ငံ၏အလုပ်သမားဈေးကွက်အုပ်ချုပ်မှုတိုးတက်လာစေရန်အလို့ငှာ သက်ဆက်ဆိုင်သူများအားလုံး ပါဝင်လုပ်ဆောင်ကြရေးအတွက်   တိုက်တွန်းအားပေးပါသည်။ အတူတကွပေါင်းစည်းလုပ်ဆောင်ခြင်းအား ဖြင့်အစိုးရများနှင့်ပါဝင်သက်ဆိုင်သူများတို့သည် မြန်မာနိုင်ငံကိုဆွဲဆောင်မှုရှိ၍ တည်တန့်ခိုင်မြဲသော ကုန်သွယ်ဖက်၊ ရင်းနှီးမြှုပ်နှံဖက် ဖြစ်လာစေရန်  အားကောင်းသောလှုံ့ဆော်မှုပေးနိုင်ပါသည်။ ထို့ပြင်  မြန်မာနိုင်ငံ၏ အဘက်ဘက်မှရေရှည်တည်တန့်ခိုင်မြဲသည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရအတွက်လည်း တိုးမြှင့် လုပ်ဆောင်ပေးမည်ဖြစ်သည်။

 

နောက်ခံအကြောင်းအရာ

 မြန်မာနိုင်ငံ၌ အခြေခံအလုပ်သမားအခွင့်အရေးများနှင့်လက်တွေ့ကျင့်သုံးမှုများကို အားပေးရန် ပဏာမဆောင်ရွက်မှုခြေလှမ်း ကိုမြန်မာနိုင်ငံအစိုးရ၊ ဒိန်းမတ်၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့သည်  ၂၀၁၄ ခုနှစ်မှစတင် လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင်  မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေစုကိုခေတ်နှင့်လျော်ညီ အောင်ပြင်ဆင်နေသည့်မြန်မာအစိုးကြိုးပမ်းမှုကိုကူညီပံ့ပိုးရန်အတွက်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံချိန်စံညွှန်းများကိုလိုက်နာခြင်း၌တိုးတက်ရန်လည်းကောင်း၊  အစိုးရ၊ အလုပ်ရှင်များ၊ အလုပ်သမားများနှင့် လူမှုအဖွဲ့အစည်းများအကြား အားပါးတရရှိလှသည့်အပြန်အလှန်ဆွေးနွေးပြောဆိုမှု များရှိလာစေရန်လည်းကောင်း ကူညီပံ့ပိုပေးရန် ရည်ရွယ်ပါသည်။

 

အသေးစိတ်အချက်အလက်များသိနိုင်ရန်အတွက် Initiative Factsheet ကို ကျေးဇူးပြု၍ကြည့်ပါရန်။