MESSAGE FROM PRESIDENT TRUMP TO BURMESE PRESIDENT U WIN MYINT

MESSAGE FROM PRESIDENT TRUMP TO BURMESE PRESIDENT U WIN MYINT

 

Dear President U Win Myint:

On behalf of the people of the United States of America, I send my congratulations to you and the people of Myanmar as you celebrate your inauguration as President of the Republic of the Union of Myanmar.

As a partner and friend, the United States values the enduring ties between our two nations.  We pledge our continued assistance to help Myanmar realize its goals of building a peaceful nation that offers inclusive economic growth, adherence to rule of law and respect for human rights, national reconciliation, and greater health for all its people.

Together with the American people, I wish the people of Myanmar peace and happiness as you mark this commencement of your Presidency.

Please accept, Excellency, the assurances of my highest consideration.

Sincerely,

Donald J. Trump

 

______________________________________

 

အဆွေတော်သမ္မတကြီးဦးဝင်းမြင့်ခင်ဗျား …

အဆွေတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းအပေါ် အဆွေတော်နှင့် မြန်မာပြည်သူများအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း အမေရိကန်ပြည်ထောင်စု ပြည်သူများကိုယ်စား မိမိမှ ပေးပို့အပ်ပါသည်။

မိမိတို့နှစ်နိုင်ငံကြား မိတ်ဖက်နိုင်ငံများအဖြစ် ကာလရှည်ကြာတည်တံ့လျက်ရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက တန်ဖိုးထားပါသည်။ မြန်မာနိုင်ငံက ကြိုးပမ်းအကောင်အထည်ဖော်နေသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိရေး စသည့် ရည်မှန်းချက်များပါဝင်သည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်တည်ဆောက်ရာတွင် အမေရိကန်နိုင်ငံက ဆက်လက်၍ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

အဆွေတော် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းနှင့်အတူ မြန်မာပြည်သူများ ငြိမ်းချမ်းပျော်ရွှင်ကြပါစေကြောင်း အမေရိကန်ပြည်ထောင်စု ပြည်သူများနှင့်အတူ မိမိက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မိမိ၏ အထူး အလေးထားဖော်ပြမှုအား ကျေးဇူးပြု၍ လက်ခံပေးပါရန်။

 

ရိုးသားစွာဖြင့်

ဒေါ်နယ် ဂျေ ထရမ့်